သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီးသို့ လှူဒါန်းသော အလှူရှင်များစာရင်း🙏🙏🙏

သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီးသို့ လှူဒါန်းသော အလှူရှင်များစာရင်း🙏🙏🙏 မေလ ဒုတိယအပတ် (၁၁.၀၅.၂၀၂၅) မြတ်ဗုဒ္ဓဘုရားရှင်၏ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ပြန့်ပွားစေရန် သဲအင်းဂူ တိုက်ခွဲ(၃၂) ဝိပဿနာဓမ္မရိပ်သာများ၏ ဦးစီးမူလပဓာန နာယက၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ အောင်လံဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်သည့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်တော်ကြီးအတွက် အလှူရှင်စာရင်းများအား ရိုသေလေးစားစွာဖြင့် ဖော်ပြပေးလိုက်ပါသည်။ ယခုကဲ့သို့ လှူဒါန်းကပ်လှူရသောကြောင့် အလှူရှင်နှင့်မိသားစုဝင်များအားလုံး ကပ်ကြီးသုံးပါးကျော်လွှားနိုင်၍ ကောင်းကျိုးချမ်းသာ အဖြာဖြာပြည့်စုံ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ တက်လှမ်းနိုင်ကြပါစေ။ ကုသိုလ် အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု🙏🙏🙏


55

ရှင်သာမဏေလောင်းများ ခေါ်ယူခြင်းအစီအစဉ်

ရှင်သာမဏေလောင်းများ ခေါ်ယူခြင်းအစီအစဉ် အသိပေးကြေညာခြင်း ၁၀ / ၄ /၂၀၂၅ ရက်စွဲဖြင့် ကြေညာထားသော ရှင်သာမဏေလောင်းများ ခေါ်ယူခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် မေလ ပထမအသုတ်အတွက် မျှော်မှန်းအရေအတွက်ပြည့်ပြီးဖြစ်ပါသောကြောင့် ရက်ချိန်းပေးပြီးသူများကိုသာ သာမဏေဝတ်ပေးသွားမည်ဖြစ်ပါသည်။ ကျန်သာမဏေလောင်းများအနေဖြင့် ဆက်လက်စာရင်းပေးသွင်းနိုင်ပြီး သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီပါက၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဒုတိယအသုတ်အဖြစ် လက်ခံ၍ သာမဏေဝတ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ စုံစမ်းရန်- သံဃာ့ရေးရာဖုန်း- 09 792 908 908 / 770 077 292


52

သာသနာ့ဘောင်သို့ကူးပြောင်းခြင်း ပဗ္ဗဇ္ဇမင်္ဂလာ

သာသနာ့ဘောင်သို့ကူးပြောင်းခြင်း ပဗ္ဗဇ္ဇမင်္ဂလာ သာသနာတော်နှစ် ၂၅၆၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ကဆုန်လပြည့်ကျော်(၂)ရက် ၁၃.၅.၂၀၂၅၊ အင်္ဂါနေ့ ပါရမီရှင်သာမဏေလောင်း၏ပြင်းပြသောဆန္ဒ မိဘများ၏အနူးအညွှတ်ခွင့်ပြုမှုနှင့်အတူ သံသရာဝဲဩဃရေအယဉ်ကိုကူးခတ် နိဗ္ဗာန်တည်းဟူသောကြည်းကုန်းထက် တက်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဦးစီးပဓာနနာယက အောင်လံဆရာတော်ကြီးကိုဥပဇ္ဈာယ်ပြု၍ မဟာနာယကဆရာတော်ဦးဇယန္တ၏ သရဏဂုံသီလချီးမြှင့်ပေးမှုနှင့်အတူ သာသနာတည်းဟူသောပျိုးဥယျာဉ်ကြီးထဲတွင် အရိယာတို့၏အလံတံခွန်ဖြစ်သော သင်္ကန်းမြတ်ကိုဆင်မြန်း ပရိယတ်,ပဋိပတ်အကျင့်မြတ် သာသနာ့တာဝန်ကိုထမ်းကြမည့် ပထမအသုတ်ရှင်သာမဏေလောင်းများ၏ သာသနာ့ဘောင်သို့ကူးပြောင်းခြင်း ပဗ္ဗဇ္ဇမင်္ဂလာ…။


63