
သာသနာ့ပျိုးဥယျဉ်ကျောင်းတိုက်ကြီး၏ မူလ ပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
🗓️🗓️နေရက် ၂၈.၆.၂၀၂၅ စနေနေ့
⏰⏰အချိန် နံနက် (၈:၃၀) နာရီ
🏕️🏕️နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ ကုန်းတလဘောင် စံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်တွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်ဒေါ်မိုးမြတ်ဆောင်း၏ မွေးနေ့ကုသိုလ်အဖြစ်ကာလတန်ဖိုး 520000MMK ခန့်ရှိ Model:KW35KAWA GASOLINE BRUSH CUTTER (၂)လုံး သဒ္ဓါကြည်ဖြူစွာလှူဒါန်းခြင်းကိုဝမ်းမြောက်နုမော သာဓု ခေါ်ဆိုနိုင်စေရန်မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်…။Sasana Nursery Media Team11/6/2025(Wednesday )

ယနေ့ညနေခင်းဖျော်ရည်အလှူရှင်မှာကိုရင်လေးရှင်သီတလ၏သာသနာ့ဘောင်ပျော်မွေ့ခြင်း(၁)လပြည့်အထိမ်းအမှတ်ကုသိုလ်အဖြစ်ဒေါ်ရီရီဝင်းမောင်နှမတစ်စုကောင်းမှု တောင်ကြီးမြို့နှင့်ဦးဝေဖြိုး၊ဒေါ်ချို(ခ)ဒေါ်ထားထား မန္တလေးမြို့မှသဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းပါသည်။အလှူရှင် မိသားစုသည်ဆင်းရဲနှင့် ငရဲကင်း၍၊ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာနိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်သော အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေသော်သာဓု၊သာဓု၊သာဓု....11.6.2025(ဗုဒ္ဓဟူးနေ့)