
သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်တွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်ဒေါ်မိုးမြတ်ဆောင်း၏ မွေးနေ့ကုသိုလ်အဖြစ်ကာလတန်ဖိုး 520000MMK ခန့်ရှိ Model:KW35KAWA GASOLINE BRUSH CUTTER (၂)လုံး သဒ္ဓါကြည်ဖြူစွာလှူဒါန်းခြင်းကိုဝမ်းမြောက်နုမော သာဓု ခေါ်ဆိုနိုင်စေရန်မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်…။Sasana Nursery Media Team11/6/2025(Wednesday )

ယနေ့ညနေခင်းဖျော်ရည်အလှူရှင်မှာကိုရင်လေးရှင်သီတလ၏သာသနာ့ဘောင်ပျော်မွေ့ခြင်း(၁)လပြည့်အထိမ်းအမှတ်ကုသိုလ်အဖြစ်ဒေါ်ရီရီဝင်းမောင်နှမတစ်စုကောင်းမှု တောင်ကြီးမြို့နှင့်ဦးဝေဖြိုး၊ဒေါ်ချို(ခ)ဒေါ်ထားထား မန္တလေးမြို့မှသဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းပါသည်။အလှူရှင် မိသားစုသည်ဆင်းရဲနှင့် ငရဲကင်း၍၊ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာနိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်သော အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေသော်သာဓု၊သာဓု၊သာဓု....11.6.2025(ဗုဒ္ဓဟူးနေ့)

11.6.2025(ဗုဒ္ဓဟူးနေ့)ယနေ့ဆွမ်းအလှူရှင်မှာ- ကိုရင်ရှင်ဇိနဝံသအားအမှူးထား၍မရွှန်းရတီသန်းဦး၏(၁၃)နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ်ဦးသန်းဦး+နော်ကညောလားသမီး- မရွှန်းရတီသန်းဦး မိသားစုကောင်းမှု၊ကမာရွတ်မြို့နယ်ရန်ကုန်မြို့နှင့်U.S.A တိုက်ခွဲ(၃၂) သဲအင်းဂူယောဂီဟောင်းမိသားစုဝင်များ စုပေါင်းကောင်းမှုအဖြစ် သံဃာ့ဂုဏ်ကိုအာရုံပြု၍နိဗ္ဗာန်ရည်မှန်းကာ သဒ္ဓါရွှင်လန်းစွာဖြင့်ဆက်ကပ်လှူဒါန်းပါသည်။
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှခြင်း။
၃။ ချမ်းသာခြင်း။
၄။ ခွန်အားကြီးခြင်း။
၅။ ဉာဏ်ပညာကြီးခြင်း တည်းဟူသော ဤ အကျိုးတရား ငါးပါးတို့ကို ရရှိနိုင်ကြပါစေ…….
နတ်လူသာဓုခေါ်ဆိုနိုင်ပါစေသော်......
သာဓု၊သာဓု၊သာဓု....
ဆွမ်းအလှူနှင့်ပတ်သက်၍ မေးမြန်းလိုပါက ဆက်သွယ်ရန်ဖုန်း-09-950004222သို့ ဆက်သွယ်နိုင်ပါသည်။