
သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူသောသံဃာတော်အရှင်သူများအား ရှင်ဇိနဝံသအား အမှူးထား၍ဦးသန်းဦး ၏ (၄၇)နှစ်ပြည့်မွေးနေ့
ဦးသန်းဦး + နော်ကညောလား သမီး -မရွှန်းရတီသန်းဦး ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့မှဝါဆိုသင်္ကန်း နှင့် နဝကမ္မ အလှူတော်အဖြစ် သဒ္ဓါကြည်ဖြူစွာ ဆက်ကပ်လှူဒါန်းပါသည်။

ရှင်ဇိနဝံသ၏ ကိုရင့်အကြောင်း စာစီစာကုံး ကိုရင်၏ဘွဲ့မှာ ရှင်ဇိနဝံသ ဖြစ်ပါသည်။
ကိုရင့်ကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာ မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခမည်းတော်ဉီးသန်းထွဋ်+ မယ်တော်ဒေါ်နုနုခိုင် တို့မှ ခရစ်နှစ် ၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၅ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သော တစ်ဉီးတည်းသောသားရတနာ ဖြစ်ပါသည်။
ကိုရင်သည် စတုတ္ထတန်းထိ အခြေခံပညာများ သင်ယူခဲ့ပြီး ငယ်ရွယ်သော ကာလမှစ၍ အင်္ဂလိပ်စာများနှင့် ရင်းနှီးကာ English Flyer အတန်းထိ အင်္ဂလိပ်စာများကို သင်ယူခဲ့သည်။ ကိုရင်၏အသက် ၁၀နှစ်တွင် မိခင်၏အကြံပေးတိုက်တွန်းမှုတို့နှင့် Facebook မှ သာမဏေ များ၏ ပုံများကို ပြသမှုတို့ကြောင့် သာမဏေဝတ်ရန် ဆန္ဒများဖြစ်ပေါ်ကာ ခရစ်နှစ်-၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အောင်လံဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ဆရာတော် ဥူးနန္ဒမာလာမှ သရဏဂုံ, သီလပေးမှုတို့နှင့်တကွ သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ကိုရင့်မယ်တော်နှင့် အဖွားတို့သည် သာမဏေဝတ်ရန် ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါသည်။ ခမည်းတော်, အဖိုးနှင့် ဉီးလေး စသူတို့က ကိုရင်အဆင်မပြေမည်ဆိုးသောကြောင့် ခွင့်မပြုချင်ကြပါ။ အိပ်ရာတည်ထောင်လူ့ဘောင်တုန်းက မိဘများအလိုလိုက်ခဲ့သော ကိုရင်သည် တစ်ယောက်တည်း သာသနာ့ဘောင်သို့ လျှောက်လာခဲ့လေ၏။ ကိုရင်ဝတ်ပြီး ၂နှစ်မြောက်တွင် အခြားသာမဏေများ အလွန် စနောက်ကြသောကြောင့် ကိစ္စများမြောင် လူတို့ဘောင်သို ပြန်လည်ဆုတ်နှစ်ခြင်းငှာ စဉ်းစားမိခဲ့ပါသေးသည်။ သို့သော်လည်း မိမိစာအောင်ပူဇော်ပွဲတွင် ထီးဖြူမိုးကာပူဇော်ခံခဲ့ရကြောင်း နှင့် မူလတန်းကို အောင်မြင်ပြီး စိတ်ရွှင်ပြသောကြောင့်လည်းကောင်း မိဘများကို ထောက်ဆ၍လည်း ကောင်း စနောက်မှုများကို သည်းခံကျော်လွှား၍ နေထိုင်ခဲ့ပါသည်။
ရိုးရိုးကျင့်မြင့်မြင့်ကြံ မှန်မှန် လုပ် ကုတ်ကုတ်နေကာ ကြိုးစားသွား၍ တစ်နှစ်တစ်တန်းအောင်မြင်ခဲ့ပါသည်။ ကိုရင်စ၍ ဝတ်ခါစအချိန်တွင် ကိုရင်ဝတ်ခြင်း၏ အကျိုး, တရားထိုင်ခြင်း, တရားဘာဝနာ တို့ကို ပွားများခြင်း၏ အကျိုး, ဗုဒ္ဓဘာသာ၏ အဓိကရည်ရွယ်ချက်, ဗုဒ္ဓဘာသာဖြစ်ခြင်း စသည်များ နှင့် ယုတ်စွအဆုံး ဘုရားရှိခိုးစာများတောင် မသိရှိပါ။
ယခုအခါ၌ကား ယခင်အရာများ အားလုံးကို သိရှိရ၍ ကိုရင်သည်- မြင့်မိုရ်တောင်ထက် ကြီးမားသော ကျေးဇူးရှိသော အနန္တကျေးဇူးရှင်များဖြစ်ကြသော ကိုရင့်ကို မွေးဖွားရာ အချိန်မှစ၍ ပြုစုလုပ်ကျွေး မွေးမြူသော, ကြီးမားသော မိဘမေတ္တာရှိသော မွေးမိဖခင်ကျေးဇူးရှင်တို့ကို ကျေးဇူး ဆပ်ခြင်းငှာ ကိုရင်ဝတ်ခဲ့သည်ဟူ၍ မိမိကိုယ်ကို ဆုံးဖြတ်ချက်ချထားပါပြီ။
ကိုရင်သည် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်တွင် ပရိယတ္တိ ဗုဒ္ဓစာပေများသင်ယူခြင်း ဟူသော ဂန္ထဓုရ၊ တရားဘာဝနာပွားများအားထုတ်ခြင်း, ကမ္မဋ္ဌာန်းဘာဝနာ စီးဖျန်းခြင်းဟူသော ဝိပဿနာဓရ တို့ကို ဖြည့်ကျင့်လျက် လောကဓံများကိုကျော်လွှားပြီး သာသနာ့ဝန်ကို ထမ်းဆောင် နိုင်သော ဆရာတော်ကြီးတစ်ပါး ဖြစ်ခြင်းငှာ ကြိုးစားအားထုတ်နေပါကြောင်း နိဂုံးချုပ်အပ်ပါသည်။