ရှင်ဆေကိန္ဒ

သာမဏေ ကျောင်းဆောင် (၁)

အိပ်ဆောင် ( A )

သာမဏေကျော် အခြေခံတန်း ( ၁ )

ကိုယ်ရေး အကျဥ်း

ရှင်ဆေကိန္ဒ၏ ကိုရင့်အကြောင်း(စာစီစာကုံး) ကိုရင်ဘွဲ့ကတော့ ရှင်ဆေကိန္ဒဖြစ်ပါတယ်။ ကိုရင်ကို ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆေးရုံဟောင်းမှာ ခမည်းတော် (ဦးငြိမ်းချမ်း)၊ မယ်တော် ဒေါ်မီမာ တို့က သာသနာတော်နှစ် ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၃ - ခု၊ ခရစ်နှစ် ၂၀၁၁ - ခုနှစ် အောက်တိုဘာလ (၁၁) ရက် ၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ပါတယ်။ ကိုရင်ဟာ ခါလူမျိုး ဖြစ်ပါတယ်။ ငယ်စဉ်အခါက ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါ။ ကိုရင်ဟာ ငယ်ငယ်ကတည်းက မိဘမေတ္တာဆို မသိရဘူး။ အဖေကလည်း ကိုရင် ၆ နှစ်သားက ဆုံးသွားတယ်။ အမေကတော့ စိတ်ရောဂါဖြစ်တယ်။ အိမ်မှာ မယ်တော်ရဲ့ အဘိုး၊ အဘွားပဲ ရှိတာပါ။ အဘွားကလည်း အမေ့လိုပဲ စိတ်ရောဂါဖြစ်တဲ့သူပါ။ အဲ့လို ဖြစ်သွားကတည်းက စီးပွားရေးလည်း ကျလာတယ်။ စီးပွားရေးကျတာနဲ့အမျှ အဘိုးကလည်း အသက်ကြီးတော့ စီးပွားရေး မလုပ်နိုင်တော့ဘူး။ အဲလိုဖြစ်လို့ ဆေးကုတာလည်း အဘွားတစ်ယောက်ပဲ နည်းနည်းသက်သာလာတယ်။ ကိုရင်က လူ့ဘဝတုန်းက ကျောင်း ၂ တန်းနဲ့ပဲ ကျောင်းထွက်ခဲ့ရတယ်။ အိမ်မှာ မနေ ဘုန်းကြီးကျောင်းမှာ ကိုရင်သွားဝတ်တယ်။ အဲကျောင်းက ကိုရင်တွေနဲ့ပေါင်း၊ ကျောင်းမှာ မနေချင်လို့ ထွက်ပြေးတယ်။ ရလောက်မှာ ပြန်မိတယ်။ အဲ့ကျောင်းမှာ ပြန်နေရတယ်။ ဘုန်းကြီးက စာသင်တိုက်ပို့ပေးတယ်။ စာသင်တိုက် ကိုရင်တွေနဲ့ပေါင်းပြီး ဆေးလိပ်တွေ သောက်ခဲ့တယ်။ မပျော်လို့ ထပ်ပြီး ထွက်ပြေးတယ်။ သို့သော်လည်း ပြန်မိတာပါပဲ။ သို့သော်လည်း အဲ့ကျောင်းမှာပဲ ပြန်နေရတယ်။ အဲကျောင်းမှာ ပြန်နေပြီး အဲကျောင်းကို အာဂန္တုတစ်ပါး ရောက်လာပါတယ်။ အဲဆရာတော်က တရားစခန်းဝင်ပြီးသား။ အဲဦးဇင်းဟာ ကိုရင့်ကို တရားပြပေးတယ်။ ကိုရင်လည်း လိုက်ပြီးကျင့်ပါတယ်။ ရက်သတ္တပတ်လောက် ကြာတော့ ဆရာလေးတစ်ပါး ရောက်ပြန်တယ်။ တစ်ပတ်လောက်ကြာတော့ ဆရာလေးက ကိုရင် သာသနာ့ပျိုးဥယျာဉ်မှာ ဝတ်မလားဟု မေးတယ်။ ဓာတ်ပုံတွေပြတယ်။ ကိုရင်ကလည်း တရားလည်းထိုင်ရ၊ စာလည်းသင်ရတော့ လက်ခံလိုက်တယ်။ အဘိုးကလည်း လက်ခံတယ်။ မယ်တော်ကလည်း နေချင်ရင်နေဆိုလို့ ကျောင်းကိုလာခဲ့ပါတယ်။ အဘိုးတို့က ဗုဒ္ဓဘာသာဝင်မဟုတ်ပါ။ ခရစ်ယာန်တွေပါ။ (ရည်မှန်းချက်) ကိုရင်ဟာ ဒီမှာနေပြီး ရွာပြန်ရင်တရားဟောမယ်။ တရားပြမယ်လို့ ရည်ရွယ်ထားတာပါ။ တရားမရရင် နေပါစေ ရွာကိုတော့ တရားရအောင် တရားဓမ္မနဲ့ အတွေ့အကြုံရှိအောင် တရားတွေ ဟောမယ်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးနီးပါးက ခရစ်ယာန်တွေမို့လို့ပါ။ ယခုလိုခေတ်မှာ တရားတွေနဲ့ ဝေးနေတဲ့ လူတွေအများကြီးပါ။ တရားနဲ့ဝေးနေတဲ့သူတွေ တရားတွေနဲ့ မဝေးရအောင် တရားဟော တရားတွေ ပြသွားမှာပါ။ (ကိုရင်ဘဝနဲ့လူ့ဘဝခြားနားပုံ) ကိုရင်လူ့ဘက မိဘမေတ္တာဆိုတာ ဘာမှမသိခဲ့ရပါဘူး။ ဒီရောက်လာမှသာ မိဘမေတ္တာဆိုတာ သိရတာပါ။ ဒီထက်မကပါဘူး။ ဗုဒ္ဓဘာသာအကြောင်းနားလည်လာတယ်။ စာပေသဘောတွေ နားလည်လာတယ်။ သနားတတ်လာတယ်။ စာနာစိတ် ရှိလာတဘ်။ လူ့ဘဝနဲ့ ခြားနားသွားတယ်။(နိဂုံး) ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီကျောင်းမှာ နေရတယ်ဆိုရင်ပဲ တော်တော်လေး ကျေနပ်နေပါပြီ။ ဒီမှာ နေရတာက ကျေနပ်စရာတွေ အများကြီးပါ။ လူ့ဘဝက တကယ်ပဲ ပင်ပန်းစရာပါ။ တစ်နေ့လုပ်တစ်နေ့စားနဲ့ပဲ ပင်ပန်းတယ်။ ပျော်တာလည်း ပင်ပန်းတာပဲ။ မပင်ပန်းဘူးလို့သာ ထင်ရတာပါ။ လောကမှာ ကုသိုလ်လုပ်တာထက် အကုသိုလ်လုပ်တာကပဲ များတာပါ။ သာသနာက တကယ်ပဲကြုံရခဲတယ်။ ကြုံသော်လည်း ယုံကြည်မှု သဒ္ဓါရှိခဲ့တယ်။ ဒါကြောင့်မို့ သာသနာနဲ့ကြုံခိုက် သဒ္ဓါရှိခိုက် ကုသိုလ်များများလုပ်ဖို့နှင့် အကုသိုလ် မဖြစ်အောင်ကြိုးစားဖို့ပါ။ အချိန်တွေ အများကြီး မိပါသေးတယ်။ (သာမဏေလေးများ၏ ကိုယ်တိုင်ကိုယ်ကျ ရေးသားထားသော စာစီစာကုံးကို ပြင်ဆင်ဖြည့်စွက်ထားခြင်း မရှိဘဲ စာလုံးပေါင်းအမှားများကို ပြင်ဆင်ပေးထားသည်မှလွဲ၍ မူရင်းအတိုင်း တင်ပေးထားပါသည်။ ကလေးအတွေး၊ ကလေးစိတ်ကူးဖြစ်သဖြင့် စာအထားအသိုနှင့် လိုအပ်ချက်များ ရှိနေပါက နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


သာမဏေဘွဲ့
ရှင်ဆေကိန္ဒ

ဖောင် အမှတ်
F00170

အသက်
13 years, 9 months

ဥပဇ္စျာယ် ဆရာတော်
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)

ရဟန်းပြုသည့်နေ့

တိုင်းဒေသကြီး
ရှမ်းပြည်နယ်

မြို့နယ်
တာချီလိတ်