
Admin
May 14 2025 02:22 PM
သာသနာ့ဘောင်သို့ကူးပြောင်းခြင်း ပဗ္ဗဇ္ဇမင်္ဂလာ 🗓️သာသနာတော်နှစ် ၂၅၆၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ကဆုန်လပြည့်ကျော်(၃)ရက် ၁၄.၅.၂၀၂၅၊ ဗုဒ္ဓဟူးနေ့ 🙏ပါရမီရှင်သာမဏေလောင်း၏ပြင်းပြသောဆန္ဒ မိဘများ၏အနူးအညွှတ်ခွင့်ပြုမှုနှင့်အတူ သံသရာဝဲဩဃရေအယဉ်ကိုကူးခတ် နိဗ္ဗာန်တည်းဟူသောကြည်းကုန်းထက် တက်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဦးစီးပဓာနနာယက အောင်လံဆရာတော်ကြီးကိုဥပဇ္ဈာယ်ပြု၍ မဟာနာယကဆရာတော်ဦးဇယန္တ၏ သရဏဂုံသီလချီးမြှင့်ပေးမှုနှင့်အတူ သာသနာတည်းဟူသောပျိုးဥယျာဉ်ကြီးထဲတွင် အရိယာတို့၏အလံတံခွန်ဖြစ်သော သင်္ကန်းမြတ်ကိုဆင်မြန်း ပရိယတ်,ပဋိပတ်အကျင့်မြတ် သာသနာ့တာဝန်ကိုထမ်းကြမည့် ပထမအသုတ်ရှင်သာမဏေလောင်းများ၏ သာသနာ့ဘောင်သို့ကူးပြောင်းခြင်း ပဗ္ဗဇ္ဇမင်္ဂလာ…။







99 Viewed
Admin