အမေးအဖြေများ

မေး။ ။ ပျိုးဥယျာဉ်ကျောင်းမှာ သာမဏေဝတ်ချင်ရင် အသက်ဘယ်လောက်ရောက်မှ လက်ခံပါသလဲဘုရား။
ဖြေ။ ။ အသက် ၈ နှစ်မှ ၁၀ နှစ်အထိ လက်ခံပေးပါတယ်။

မေး။ ။ ပျိုးဥယျာဉ်မှာ သာမဏေအပ်ချင်ရင် ဘာတွေလိုအပ်ပါသလဲဘုရား။
ဖြေ။ ။ သာမဏေလောင်းရဲ့ မွေးစာရင်းစာရွက်၊ အိမ်ထောင်စုဇယား (အမှန်) လိုအပ်ပါတယ်။

မေး။ ။ အခြားကျောင်းတွေမှာ သာမဏေဝတ်ပြီးသား ကိုရင်တွေကိုရော အချက်လက်ပြည့်စုံရင် လက်ခံပါသလား ဘုရား။
ဖြေ။ ။ ကာလကြာရှည်စွာ သာမဏေဝတ်ပြီးသား ဖြစ်သွားရင်တော့ အပ်နှံခွင့်မရှိပါ။ ဒုလ္လဘ ၅ / ၁၀ ရက်ခန့် ဝတ်ခဲ့ဖူးသော သာမဏေလောင်းများကိုသာ လက်ခံပါတယ်။

မေး။ ။ ပျိုးဥယျာဉ်မှာ အခြားကျောင်းက ဝတ်ခဲ့ပြီးသား သာမဏေများ လက်ခံဖူးပါသလား။ 

ဖြေ။ ။ ပျိုးဥယျာဉ်စတင် တည်ထောင်ခါစမှာ သာမဏေ ၇၀ ခန့် လက်ခံခဲ့ဖူးပါတယ်။ 

မေး။ ။ ဘယ်လိုဆက်သွယ်ပြီး အပ်နှံရပါသလဲဘုရား။
ဖြေ။ ။ သာသနာ့ပျိုးဥယျာဉ်ကျောင်းရဲ့ သာမဏေနဲ့သံဃာ့ရေးရာဖုန်း (09 792 908 908၊ 09 770 077 292)ကို ဆက်သွယ်ပြီး Viber ကတဆင့် သာမဏေလောင်းရဲ့ မွေးစာရင်းစာရွက်၊ အိမ်ထောင်စုဇယား (အမှန်) နဲ့ လက်ရှိသာမဏေလောင်းရဲ့ ဓာတ်ပုံကို ပို့ပေးပါ။ တာဝန်ခံဆရာတော်က ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဆက်သွယ်ပေးပါလိမ့်မယ်။

မေး။ ။ အပ်နှံခွင့်ရတဲ့ သာမဏေလောင်းများအတွက် သင်္ကန်း၊ သပိတ်၊ အိပ်ယာစသည် ဝယ်ဖို့ ယူလာဖို့ လိုအပ်ပါသလားဘုရား။
ဖြေ။ ။ သာမဏေလောင်းရဲ့ မွေးစာရင်းစာရွက်၊ အိမ်ထောင်စုဇယား မှလွဲ၍ ကျန်ဘာကိုမှ ယူလာဖို့ မလိုအပ်ပါ။

မေး။ ။ သားလေးကို အပ်နှံချင်ပါတယ်ဘုရား။ ဒါပေမယ့် အသက်က မပြည့်သေးပါဘူး။ အသက်မပြည့်ခင် အတောအတွင်း သားလေးကို ဘာတွေပြင်ဆင်ပြီး သင်ကြားပေးထားလို့ ရပါသလဲဘုရား။
ဖြေ။ ။ အဓိကအနေနဲ့ မြန်မာစာ၊ မြန်မာစကားကို ကျွမ်းကျမ်းကျင်ကျင်နဲ့ ရေး၊ ဖတ်၊ ပြော နိုင်အောင် သင်ကြားပေးနိုင်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး မိမိဘာသာ ပြုလုပ်နိုင်အောင်၊ မိမိရဲ့ထမင်းပန်းကန် မိမိဘာသာ ဆေးကြောနိုင်အောင်၊ မိမိဝန်ကို မိမိထမ်းနိုင်အောင် သင်ကြားပေးနိုင်ပါတယ်။

မေး။ ။ တပည့်တော်တို့၏ သာမဏေလောင်းအတွက် သင်္ကန်းကို ပျိုးဥယျာဉ်က သက်မှတ်ထားသည့် သင်္ကန်းအမျိုးအစား၊ ကာလာ ၊ အရွယ်စား အတိုင်း ဝယ်ယူ၍ လှူဒါန်းမယ်ဆိုရင် လက်ခံပါသလားဘုရား။
ဖြေ။ ။ သက်မှတ်ထားတဲ့ သင်္ကန်းအမျိုးအစား၊ ကာလာ ၊ အရွယ်စား အတိုင်း အတူတယ်ဆိုရင် လက်ခံပေးပါတယ်။

မေး။ ။ မိမိသားလေးကို သာသနာ့ဘောင်အပ်နှင်းပြီးသွားရင် ဘယ်အချိန်တွေမှာ ဖူးတွေ့ခွင့် ရနိုင်ပါသလဲဘုရား။
ဖြေ။ ။ အပ်နှံတဲ့အချိန်ကနေစပြီး ၃ နှစ်ပြည့်တဲ့ အချိန်အခါရောက်မှသာ ဖူးတွေ့ခွင့် ရရှိနိုင်ပါတယ်။ ၃ နှစ်ပြည့်တဲ့အခါ ကျောင်း Midea ကဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မိဘဆီကို ဆက်သွယ်အကြောင်းကြားပေးပါတယ်။

မေး။ ။ မိမိ သာမဏေရဲ့ ကျမ်းမာရေး၊ ပညာရေးစတဲ့အခြေနေတွေကို သိချင်ရင် ဘယ်လိုဆက်သွယ်ပြီး သိရှိနိုင်ပါသလဲ ဘုရား။
ဖြေ။ ။ ကျောင်းသံဃိကဖုန်း 09 792 908 908၊ 09 770 077 292 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို သာမဏေများ ကဏ္ဍ တွင်လည်းသွားရောက်ကြည့်ရှုနိုင်ပါသည်။

မေး။     ။ ၃ နှစ်အတွင်း မိဘတွေကိုယ်တိုင်တော့ မတွေ့ပါဘူးဘုရား၊ ဒါပေမယ့် မိဘတွေရဲ့ ဆွေမျိုး၊ မိတ်သင်္ဂဟတွေက (သို့) သာမဏေလေးနဲ့ သိကျွမ်းခဲ့ဖူးသော သံဃာတော်၊ ဆရာတော်များက မိဘကိုယ်စား လာရောက်တွေ့ခွင့် ရပါသလားဘုရား။

ဖြေ။     ။ သာမဏေနဲ့ မည်သည့်ဧည့်သည်ကိုမှ ၃ နှစ်အတွင်း တွေ့ဆုံခွင့် မပေးပါ။