ရှင်စန္ဒောဘာသ

သာမဏေ ကျောင်းဆောင် (၁)

အိပ်ဆောင် ( D )

သာမဏေကျော် အခြေခံတန်း ( ၁ )

ကိုယ်ရေး အကျဥ်း

မွေးဖွားရာဇာတိ          

          ကိုရင်က ကရင်ပြည်နယ် မယ်ဇလီကျေးရွာမှာ ၁၇.၄.၂၀၁၄ မှာ မနက် ၄ နာရီ ၁၅ မီးနစ် အချိန်တွင် မွေးဖွားပါသည်။ မွေးသည့်နေရာ ကရင်ပြည်နယ် မယ်ဇလီကျေးရွာမှာ မွေးဖွားပါသည်။

မိသားစုအကြောင်း

          ကိုရင်ကအိမ်မှာ မိသားစု ၅ ယောက် ရှိပါသည်။ အဖေ၊ အမေ၊ အမ၊ ကိုရင်စန္ဒောဘာသ၊ ညီငယ်၊ ၅ ယောက်ရှိပါသည်။ အိမ်မှာ သိပ်ပြီး မဆိုးပါဘူး။ ငါးပါးသီလလည်း နားမလည်၊ ၁၀ ပါးသီလလည်း ကြားတောင် မကြားဖူး။ ဒါကြောင့် အိမ်မှာ အဖေနဲ့ပေါင်းပြီး ငါးတွေလိုက်ဖမ်း၊ ငါးတွေလိုက်မျှား၊ ပေါက်သင်ညှိုကို ခဲနဲ့ပေါက်၊ ကင်စား၊ ကြက်ကို လေးဂွနဲ့ပြစ်၊ ခဲနဲ့ထု၊ အဖေနဲ့ ခွေးနှစ်ကောင် သားတစ်ယောက် လျောက်သွားပြီး အကုသိုလ်တွေ အများကြီး လုပ်ခဲ့ပါသည်။ ကိုရင့် အဖေသည် ဘုရားကို တစ်ခါတလေမှ သွားဖူးသည်။ အဖေသည် အရက်ကို နေ့တိုင်း သောက်ပါသည်။

ဝါသနာ၊ အကြိုက်ဆုံးအရာ

          ကိုရင်ရဲ့ ဝါသနာကတော့ လက်ဝှေ့ဝါသနာ ဖြစ်ပါသည်။ ဒါပေမယ့် အဲဒီဝါသနာကို လုပ်ဖို့မလွယ်သဖြင့် ငယ်ငယ်ကတည်းက ဗလကျင့်ရခြင်း ဖြစ်ပါသည်။ ကိုရင်ရဲ့ အကြိုက်ဆုံး အရာကတော့ ကော်သီးသေနတ်ပဲ ဖြစ်ပါသည်။

သာသနာ့ပျိုးဥယျာဉ်သို့ ရောက်ရှိလာပုံ

          ကိုရင်တို့ရွာကျောင်းက ပိတ်တာ ၁ နှစ်ကျော်နေပြီး ကျောင်းပြန်မဖွင့်သေးဘူး။ ဒါကြောင့် ကိုရင့်အမေက ရန်ကုန်ကကျောင်းမှာ ထားမယ်ဆိုပြီး ကိုရင်ဝတ်ပေး၍ ဒီကိုပို့ကာ သဲအင်းဂူသို့ ရောက်လာပြီး သဲအင်းဂူ ၃ နှစ်လောက်နေပြီး သာသနာ့ပျိုးဥယျာဉ်သို့ ရွေ့ပြောင်းလာပါသည်။

အိမ်နေစဉ်ဘဝနှင့် ပျိုးဥယျာဉ်ဘဝခြားနားချက်

          ကိုရင်အိမ်မှာ အကုသိုလ်တွေ များပါသော်လည်း ပျိုးဥယျာဉ်ရောက်မှ အကုသိုလ်နည်းပါးသွားပါသည်။ အိမ်မှာလည်း ဆော်ခံရသလို ဒီမှာလည်း ဆော်ခံရပါသည်။ အိမ်မှာတော့ ငရဲကျတယ်ဆိုတာလည်း မသိ၊ အမေကို ဓားနဲ့ခုတ်မှ ငရဲကျမယ်လို့ပဲ ထင်တယ်။ ဒါကြောင့် ငရဲကျမယ်ဆိုတာလည်း နားမလည်သဖြင့် အကုသိုလ်တွေပဲ လုပ်နေပါသည်။ သာသနာ့ပျိုးဥယျာဉ်ကျောင်းရောက်မှ အကုသိုလ်နှင့် ကုသိုလ်ကို နားလည်၍ အကုသိုလ်တွေ နည်းသွားပါသည်။

ရည်ရွယ်ချက်

          ကိုရင်ရဲ့ ရည်ရွယ်ချက်မှာ ကြီးလာရင် နိုင်ငံခြားသွား သာသနာပြုမယ်။ ကရင်ပြည်နယ်ကို ငြိမ်းချမ်းသာယာအောင် လုပ်မယ်။ ကိုရင်ရဲ့ရွာကို ပြန်ပြီး အရင်ဦးဆုံး ကျောင်းထိုင်လုပ်မယ်။ ဒီကျောင်းမှာ ဆယ်ဝါရပြီး မှ အိမ်ပြန်၊ ရွာပြန် သာသနာပြုမယ်။


သာမဏေဘွဲ့
ရှင်စန္ဒောဘာသ

ဖောင် အမှတ်
F00058

အသက်
11 years, 5 months

ဥပဇ္စျာယ် ဆရာတော်
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)

ရဟန်းပြုသည့်နေ့

တိုင်းဒေသကြီး
ကရင်ပြည်နယ်

မြို့နယ်
ဘုရားသုံးဆူမြို့