
ရှင်ဈာနိက
သာမဏေ ကျောင်းဆောင် (၁)
အိပ်ဆောင် ( A )
အခြေပြုတန်း(၃)
ရှင်ဈာနိက၏ ကိုရင့်အကြောင်း (စာစီစာကုံး) ကိုရင်ရဲ့ဘွဲ့နာမည်မှာ ရှင်ဈာနိက ဖြစ်တယ်။ ကိုရင်ရဲ့ မွေးဖွားရာဇာတိမှာ ရန်ကုန်မြို့ ဖြစ်တယ်။ မွေးဖွားရာသက္ကရာဇ်မှာ ၂၃ ရက်၊ အင်္ဂါနေ့ ၁၂ လပိုင်း ၂၀၁၄ ခုနှစ်ဖြစ်တယ်။ ကိုရင်ရဲ့ မိသားစုတွေမှာ အမေ၊ အဖေ၊ အန်တီ၊ ကြီးကြီး၊ ညီမလေး၊ ဖိုးဖိုး၊ ဖွားဖွား တို့ဖြစ်တယ်။ ကိုရင်ရဲ့ အဖွားက နှလုံးအိမ်ကျဉ်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ကိုရင်အသက် ၈ နှစ်ကတည်းက ဖြစ်တယ်။ ကိုရင်ငယ်ငယ်ကတည်းက ရှမ်းပြည်နယ်ကို ခဏခဏ သွားတယ်။ တစ်ခြား အပန်းဖြေခရီးကိုလည်း ခဏခဏသွားတယ်။ ဒါပေမယ့် ညီမလေးနဲ့ ရန်ခဏခဏဖြစ်တယ်။ အမေက ဟင်းချက်ပြီး ကလေးထိန်းတယ်။ အဖေက အင်ဂျင်နီယာဖြစ်တယ်။ အိန်တီကတော့ မလေးရှားမှာ အလုပ်လုပ်ပါတယ်။ ကြီးကြီးကတော့ International School မှာ အင်္ဂလိပ်ဆရာမလုပ်တယ်။ ညီမလေးနဲ့ ကိုရင်က ကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး Premium Education Centre မှာ ကျောင်းအတူတူတက်တယ်။ ညီမလေးနဲ့ ကိုရင်က အသက် ၄ လေးနှစ်ခွဲ ကွာပါတယ်။ ဖိုးဖိုးကတော့ ဦးဇင်းဝတ်သွားပါတယ်။ ကိုရင်က သီချင်းဆိုရတာ ဝါသနာပါတယ်။ ကွန်ပျူတာထဲက ဂိမ်းဆော့ရတာလည်း ဝါသနာပါတယ်။ သမိုင်းစာဖတ်ရတာကိုလည်း ဝါသနာပါတယ်။ ကိုရင် လူ့ဘဝတုန်းက ၄ တန်းအထိ တက်ခဲ့တယ်။ ကိုရင်က စာကြိုးစားတယ်။ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းဆေးတွေစားတယ်။ အဲဒါကြောင့် ဉာဏ်အရမ်းကောင်းတယ်။ သင်္ချာကိုလည်း ခဏခဏတွက်တယ်။ လူမှုရေးကိုလည်း အမှတ်ပြည့် အမြဲတမ်းနီးပါးရတယ်။ သမိုင်းစာကိုလည်း ဖတ်တယ်။ ကိုရင်ရဲ့ အကြိုက်ဆုံး အစားအစာက မာလာခေါက်ဆွဲ ဖြစ်တယ်။ ကိုရင်က နောက်တော့ သာသနာ့ပျိုးဥယျာဉ်ကျောင်းမှာ ကိုရင်ဝတ်ဖို့ စိတ်ကူးတယ်။ အမေကလည်း ဝတ်ဖို့ တိုက်တွန်းတယ်။ မိသားစုတွေကလည်း တိုက်တွန်းတယ်။ အဲဒါကြောင့် ကိုရင်က အအေးတွေလာကပ်တယ်။ ဆွမ်းတွေလည်း လာကပ်တယ်။ ကိုရင်ရဲ့ အဖွားအတွက် အအေးတွေ လာကပ်တယ်။ ကိုရင်က မိဘတွေကို ဝတ်ဖို့ ပြောလာတယ်။ ကိုရင်ရဲ့ မိဘတွေကလည်း ဝတ်ဖို့ ခွင့်ပြုတယ်။ အဲဒါကြောင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်မှာ ကိုရင်ဝတ်လိုက်ပြီ ဖြစ်တယ်။ ကိုရင်က ဒီသာသနာ့ပျိုးဥယျာဉ်မှာ ၅ လကျော်ပဲ ရှိသေးတယ်။ ဒါပေမယ့် ရောက်ခါစတုန်းကတော့ ငိုလိုက်တာ။ အခုကျတော့ အမေ့ကိုလွမ်းလို့ မငိုတော့ဘူး။ ကိုရင်ကို ၁ လပြည့်တုန်းက အအေးတစ်ခါကပ်တယ်။ ကိုရင်က လိမ္မာပြီး စာတော်လို့ ၄ လပြည့်တဲ့နေ့ လိမ္မာတဲ့ အဆောင် ပြောင်းရတယ်။ ဦးဇင်းတွေကလည်း ဂရုစိုက်ကြတယ်။ ကိုရင်ရဲ့ရည်ရွယ်ချက်က မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဖြစ်ပါတယ်။ ကိုရင်က နိုင်ငံခြားသွားပြီး သာသနာပြုဖို့ ဖြစ်ပါတယ်။ ကိုရင်လူ့ဘဝတုန်းက ဆိုးခဲ့တယ်။ အမေကိုလည်း ပြန်ခံပြောတယ်။ ကိုရင်ဘဝမှာတော့ ဣန္ဒြေရှိရှိနေတယ်။ လိမ္မာအောင်နေတယ်။ တစ်ခါတလေ ဆိုးမိတယ်။ စာတော်လို့ မုန့်စားရတယ်။ လိမ္မာလို့ မုန့်စားရတယ်။ ကိုရင်က ဒီမှာ ပျော်နေပါတယ်။ ကြီးလာရင် ဦးဇင်ဝတ်ပြီး မဂ်၊ ဖိုလ်ရပြီး နိဗ္ဗာန်အထိ ကြိုးစားအားထုတ်မှာ ဖြစ်ပါတယ်။ ဒါက ကိုရင်ရဲ့ အကြောင်း ဖြစ်ပါတယ်။ (သာမဏေလေးများ၏ ကိုယ်တိုင်ကိုယ်ကျ ရေးသားထားသော စာစီစာကုံးကို ပြင်ဆင်ဖြည့်စွက်ထားခြင်း မရှိဘဲ စာလုံးပေါင်းအမှားများကို ပြင်ဆင်ပေးထားသည်မှလွဲ၍ မူရင်းအတိုင်းတင်ပေးထားပါသည်။ ကလေးအတွေး၊ ကလေးစိတ်ကူးဖြစ်သဖြင့် စာအထားအသိုနှင့် လိုအပ်ချက်များ ရှိနေပါက နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)